ကိုယ်တော့်ကျေးဇူး
ထာဝရဘုရားအား အသစ်သော သီချင်းကို ဆိုကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရား အား သီချင်းဆိုကြလော့။ ဆာလံ၊ ၉၆း၁။
ဆို – စံပီး
နံနက်ခင်း နေရောင်လေး ဘယ်သူပေး
ညချမ်း အေးမြခြင်းကို ဘယ်သူပေးနေ
နေ့တိုင်း စားသောက်ခွင့် ဘယ်သူပေး
အို စဉ်းစားရင်း ချီးမွမ်းရင်း အသက်ရှင်မယ်
ငယ်စဉ်ကလေးဘဝကအစ ယခုတိုင်အောင်
အစဉ်အမြဲ ကြည့်ရှုလို့ စောင်မခဲ့
သူ့ရဲ့ အတောင်တော်အောက်မှာ အစဉ်ထား
ဒါတွေ မစဉ်းစားဘဲ မေ့လျော့နေမလား
ကိုယ်တော်ရဲ့ကျေးဇူး ချီးမွမ်း၍ မကုန်နိုင်
တစ်သက်လုံးအမြဲရရှိခံစား
ဘယ်လိုပဲ ပြစ်မှားကြပါစေ
လူသားတို့အတွက် ကောင်းကြီးများချပေး
လူသားတို့အတွက် မေတ္တာတော်ရှင်
(ကြီးမား အံ့သြဘွယ် ကောင်းကြီးများချပေးနေတယ်
လူသားတို့အတွက် မေတ္တာတော်ရှင်)