A Significant Place: ခြားနားသောနေရာ
ဘုန်းတန်ခိုးနဲ့ဆင်းကြွနေ ဤအရပ်၌
နက်ရှိုင်းသောမျက်မှောက်တော် ကြိုလင့်နေ
ဝိညာဥ်တော်တန်ခိုး အရှိန်ပြင်းစွာ
သွန်းလောင်းနေပြီ…
မဖြစ်ဖူးသောနိမိတ်လက္ခဏာ မြင်တွေ့ရ
ထူးဆန်းသော အဖြစ်ပျက်တွေ ကြုံတွေ့နေ
ဝိညာဥ်တော်မိုးရေ ဤအရပ်၌
သွန်းဖြိုးနေပြီ…
ရူပါရုံအသစ်တွေမြင်တွေ့သောနေရာ
ဘိသိက်ခြင်းတန်ခိုးတွေ စီးဆင်းသောနေရာ
သန့်ရှင်းသောဝိညာဥ်တော်ဘုန်း လွမ်းမိုးထားသော
ထူးခြားသော နေရာ…
ဝိညာဥ်လေထုတွေ တဆင့်ပြီးတဆင့်ပြောင်းလဲနေ
ဘိသက်ခြင်းတန်ခိုးတွေရရှိသောနေရာ
သန့်ရှင်းသော ဝိညာဥ်တော်ဘုန်း လွမ်းမိုးထားသော
ထူးခြားသော နေရာ…