ကြီးမြတ်လှသော

ထာဝရဘုရားအား အသစ်သော သီချင်းကို ဆိုကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရား အား သီချင်းဆိုကြလော့။ ဆာလံ၊ ၉၆း၁။

ကိုယ်တော်ဖန်ဆင်းလောကအလှကမ္ဘာ
စိတ်လှုပ်ရှားအံ့ဩဘွယ်လက်ရာ
ရောင်စုံတိမ်တိုက် ကောင်းကင်မိုးကြိုးသံ
တန်ခိုးနဲ့သက်သေတည်မြဲခြင်း

သာယာရှုခင်းကျေးငှက်တေးသံ
ချီးမွမ်းခြင်းများနဲ့သီချင်းဆို
လေပြေလေညင်းလေးတွေပြေးဆော့ကာ
စမ်းချောင်းကလေးတွေလှုပ်ရှားသွား

ထပ်ဆိုရန်-
အို ငါ့ဝိညာဉ် ကိုယ်တော်အားချီးမွမ်း
ကြီးမြတ်လှသည့်အကြောင်းကို
အို ငါ့ဝိညာဉ်ဘုရားရှင်မြတ်ကို ချီးမွမ်းပါ
ကြီးမြတ်လှသည့်အကြောင်းကို

ကိုယ်တော်ဘုရားလောကသားကို
ချစ်သောကြောင့်အသက်ကို စွန့်ကာ
တိုင်တော်တွင်အပြစ်ရဲ့ဒဏ်ပေးဆပ်ကာ
အသွေးနဲ့ဆေးကာ ဖြေလွတ်သွား

ကိုယ်စိတ်နှလုံးသုံးပါး ပြည့်စုံ
ဘုန်းတန်ခိုးနဲ့ကြွလာသောအခါ
ပျော်ရွင်ကြည်နှုးနှိမ့်ချသောစိတ်နဲ့
ချီးမွမ်းကြ ဟာလေလုယာ

Leave a Reply

Your email address will not be published. Required fields are marked *