Skip to content

ကျေးဇူးတော်အားဖြင့်

Verse: မတတ်နိုင်သောသူ ယေရှု ကြောင့်တတ်နိုင်သည် မထိုက်တန်သောသူ ယေရှု ကြောင့်ထိုက်တန်သည် ကျွန်ုပ်ရဲ့အထံမှာ ခရစ်တော်အသက်ရှင်နေ ခွန်အားနည်းသူ ကျွန်ုပ်ကို ခွန်အားနှင့်ပြည့်စေပြီ Cho: ယေရှုရဲ့ အသွေးတော်ကြောင့် အပြစ်မှလွတ်ကင်းပြီ ယေရှုရဲ့ ဒဏ်ချက်တော်ကြောင့် အနာရောဂါပျောက်ကင်းပြီ ယေရှုရဲ့ ဖြောင့်မတ်ခြင်းကြောင့် ကျွန်ုပ်လည်းဖြောင့်မတ်ပြီ ယေရှုရဲ့ဖြစ်ခြင်းတွေအားလုံး ကျွန်ုပ်၌ ဖြစ်စေပြီ ကျေးဇူးတော်အားဖြင့်

ကျေးဇူးတော်လောက်ပေ၏

Verse 1: ဘဝမှာအမှာင်ဆုံးအချိန် အခက်ခဲတွေ ဖြတ်သန်း/ချိန် ကျွန်ုပ်ရဲ့ဘေးနား အမြဲတမ်းရှိသူ ယေ ရှု အားငယ်တဲ့အချိန်တိုင်း ဝိညာဉ်အတွင်းမှ စကားပြောတယ် ကိုယ်တော်ရှိကြောင်း သိစေတယ် V:2 မျှော်လင့်တာတွေ ဖြစ်မလာ ဆုတောင်းတာတွေ ကြန့်ကြာ သခင်မျက်မှောက်က အဝေးထွက်သွားပြီလား … တွေးနေမိပါတယ် မေးခွန်းထုတ်မိလည်း ဘယ်တော့မှ အဆိုးတော့ မကြံစည်ဘူးယုံတယ် CHO: သခင်ကျေးဇူးတော် ကျွန်ုပ်အတွက်လောက်ပေ၏ သခင်ကျေးဇူးတော် ရေတွက်လို့ မဆုံးနိုင်ဘူး အကောင်းမြတ်ဆုံးပါ အို… 

ကျေးဇူးတော်မှတပါး

V1: ကျွန်ုပ်အသက်အတွက် အသက်ပေးသူ ကျွန်ုပ်အပြစ်အတွက် ကိုယ်စားထမ်းရွက်လေသူ ကျွန်ုပ်ဘဝရဲ့ အဆိုးများ လွင့်စေတဲ့သူ V2: ဖြောင့်မတ်ခြင်းကိုပေးသူ သခင့်ရဲ့ဂရုဏာတရား အပြည့်ဝခံယူ ကျွန်ုပ်ဘဝရဲ့ အဓိပ္ပါယ် ရှိစေတဲ့သူ CHO: အကြီးမြတ်ဆုံးသောဘုရား ကိုယ်တော်ရှင်သာထာဝရပါ မြေမှုန့်ထဲမှ ကျွန်ုပ်အားရွေးနှုတ်ခြင်းက သခင့်အတွက်ပါ ယေရှုရှင် ကိုယ်တော်တပါးသာ ကမ္ဘာအဆက်ဆက်ဘုန်းကြီးစေပါ အနိမ့်အမြှင့်အတက်အကျ ဘယ်လိုအရာတွေ ကြုံတွေ့လာ ကိုယ်တော်ကျွန်ုပ်ရဲ့အနားနားအမြဲတမ်းရှိခြင်းကတသက်စာ ဒီဘဝမှာ ကျေးဇူးတော်မှတပါး အခြားသောမင်္ဂလာ ကျွန်ုပ်၌မရှိပါ…

ကျေးဇူးတော်ခွက်ဖလားလျှံလျက်ရှိပါ၏

Verse 1: ကျေးဇူးတော်ခွက်ဖလားလျှံလျက်ရှိပါ၏ နေ့ရက်စဉ် ဂရုဏသစ် ခံစားရသည် အသက်တာ၏ လမ်းခရီး နေ့ရက်တိုင်းမှာ ကျေးဇူးတော်နှင့် ပတ်ရစ်မူသည် Verse 2: ကောင်းမြတ်ခဲ့ပြီ မနေ့က ကောင်းမြတ်သည် ယခု ကောင်းမြတ်အုံးမည် ရှေ့အနာဂတ်မှာ ချီးမွမ်းမည် ကိုယ်တော် ကောင်းမြတ်ကြောင်းကို ချီးမွမ်းနေမည် နေ့ရက်အချိန်တိုင်း

ကျွန်ုပ်၏အရာခပ်သိမ်း

V1. အကြီးမြတ်ဆုံးဘုရား သခင့်ရဲ့ရှေ့တော်မှာ ကျွန်ုပ်သည် ဗလာအနတ္တိပါ အကောင်းမြတ်ဆုံး ဘုရား သခင့်ရဲ့ရှေ့တော်မှာ ကျွန်ုပ်သည် မစင်ကြယ်ဆိုးသွမ်းသူ Pre. သခင့်ရဲ့အချစ်သာ ကျွန်ုပ်အားသခင့်နားရောက်စေ (အရာခပ်သိမ်းတတ်စွမ်းစေ) သခင့်ရဲ့အချစ်သာ အမြင့်ဆုံးပလ္လင်တော်ရှေ့ ကျွန်ုပ်ရောက်စေ Cho. ကိုယ်တော်ရှင်သည် ကျွန်ုပ်၏ အရာရာတိုင်း ကိုယ်တော်အမြဲ အသက်ရှင်ခြင်းကြောင့် ကျွန်ုပ် အသက်ရှင် ကိုယ်တော်ရှင်သည် ကျွန်ုပ်၏ အရာခပ်သိမ်း ကျွန်ုပ်ကိုယ်တော်ရှေ့မှောက် ပြပ်ဝပ်ဒူးထောက်လျက် ကိုးကွယ် (ကောင်းကင်ဘုံ အဖ)2 V2. ကျွန်ုပ်၏… 

ကျွန်ုပ်၏ဖြစ်ခြင်း

V:1 ကျွန်ုပ်သည်ဘုရား၏အသွေးနှင့်အဖိုးအခပေးအရွေးခံသူ ကျွန်ုပ်သည်ဘုရားသားဖြစ်၍ဖြောင့်မတ်ခြင်းနှင့်အမွေခံသူ ကျွန်ုပ်သည်အပြစ်လွတ်ခြင်းနှင့် ထာဝစဉ်အဆုံးထိအသက်ရှင်သူ ကျွန်ုပ်သည်ကောင်းကင်နိုင်ငံသားဖြစ်ရသောသူ V:2 ကျွန်ုပ်သည်ဘုရား၏ကျေးဇူးသနားခြင်းကရုဏာကို အမြဲခံစားရရှိ၍ကောင်းကြီးများပြည့်လျှံနေသူ ကျွန်ုပ်သည်သန့်ရှင်းကောင်းမြတ် စုံလင်ခြင်းနှင့်ပြည့်စုံသူ ကျွန်ုပ်သည်ဝိညာဉ်တော်အစဉ်ကိန်းဝပ်နေသောသူ CHO: ကျွန်ုပ်သည်လွတ်မြောက်ခြင်းနဲ့ နေ့ရက်တိုင်းအသက်ရှင်သူ ကျွန်ုပ်သည်ဘုရား၏ဘုန်းနှင့် နေရာတိုင်း၌ လင်းနေသူ ကျွန်ုပ်သည်ဝမ်းမြောက်ခြင်းနှင့် အခြေအနေတိုင်းအထက်၌ရှိနေသောသူ ကျွန်ုပ်သည်လောကကြီးကိုအောင်မြင်သောအခွင့်ပိုင်သူ ကျွန်ုပ်သည်ဆုံးရှုံးခြင်းနှင့်ထာဝစဉ်အမြဲကင်းလွတ်နေသူ ကျွန်ုပ်သည်အကြီးမြတ်ဆုံးနှင့် ထာဝရအဆုံးမရှိတဲ့အသက်နဲ့ရှင်တဲ့သူ

Wainlar Wainlar Par

Come to me, all who labor and are heavy laden, and I will give you rest.Matthew 11:28. [su_tabs active=”1″][su_tab title=”Rumble” disabled=”no” anchor=”” url=”” target=”blank” class=””] [/su_tab] [su_tab title=”Info” disabled=”no” anchor=”” url=”” target=”blank” class=””]ဝင်လာ ဝင်လာပါ တေးဆို… 

Myanmar Hymn No.031

O come, let us worship and bow down: let us kneel before the Lord our maker. Psalm 95:6. [su_tabs active=”1″][su_tab title=”Rumble” disabled=”no” anchor=”” url=”” target=”blank” class=””] [/su_tab] [su_tab title=”Info” disabled=”no” anchor=”” url=”” target=”blank” class=””] ကိုးကွယ်ဦးကျူး… 

Atwe Daw – SHY

သခင်ယေရှု၏အသွေးတော်မြတ် ငါ့အား စင်ကြယ်စေပြီ သခင်ယေရှု၏အသွေးတော်မြတ် ငါ့အပြစ်ဆေးကြောမူပြီ သခင်ယေရှုသည် ငါ့အသက် ကောင်းကင်သို့ သွားရာလမ်း သခင်ယေရှုသည် သစ္စာတရား ငါ့အားလွတ်မြောက်စေပြီ။